Thursday, June 08, 2006

Myanmar Unicode သုံးရင် ကြည့်လို မလှဘူး ဖြစ်နေပါတယ်၊ စာလုံးအနားတွေက ဖွာလန်ကြဲနေပါတယ် ဆိုတဲ့ သူငယ်ချင်းများ အတွက်ပါ... သူငယ်ချင်းတစ်ယောက်က ပြောတယ်ဗျ... မင်းယူနီကုတ်စာလုံးက ဖွာထွက်နေတာပဲ မကြိုက်ဘူးတဲ့... ၀င်းအင်းဝကမှ လှတာတဲ့... ကျတော်က ဟာ ကျတော့်ဆီမှာ ၀င်းအင်းဝထက်တောင် ပိုလှတယ်ပြောတာကို သူမယုံပါဘူး...
ကျတော် ရန်ကုန်သွားရတော့ အဲဒီက ကွန်ပျူတာကိုင်တော့မှ သူပြောတဲ့ အတိုင်း စာလုံးတွေ ဖွာနေတာကို တွေ့ရပါတယ်... အဖြေရှာကြည့်တော့ အောက်ကအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတာကို တွေ့ရပါတယ်...
၁ - Control Panel ထဲက Display Properties ထဲဝင်ပါ... (Desktop ရဲ့ လွတ်နေတဲ့ နေရာမှာ right click လုပ်ပြီး Properties ကိုရွေးရင်လည်း Display Properties ထဲကို ရောက်ပါတယ်...)
၂ - Apperance tab ထဲက Effect button ကို click နှိပ်ပါ...
၃ - Use the following method to smooth edges of screen font ဆိုတဲ့ စာသားရှေ့မှာ ရှိတဲ့ လေးထောင့်အကွက်ထဲမှာ အမှန်ခြစ်ရှိအောင် ကလစ်လုပ်ပါ...
၎ - ပြီးရင် အောက်ကပ်လျှက် List box ထဲမှာ ClearType ကို ပြောင်းပေးပါ...
၅ - အဲဒါဆိုရင်ရပါပြီ... OK button တွေကို ကလစ်လုပ်သွားလိုက်ပါ...

10 comments:
unicode font လှလာပေမဲ့ English စာလုံးတွေမှိန်ပြီး ပုံစံပြောင်းသွားသလိုပဲ။ အားစိုက်ဖတ်ရတယ် ကိုမောင်လှရေ
မမေရေ...
ကျတော့်ဆီမှာတော့ မဖြစ်ဘူးခင်ဗျ... ကျတော်ပဲ ကြည့်နေကြ ဖြစ်သွားလို့လားတော့ မသိဘူး...
ကိုမောင်လှရေ
ကျေးဇူးပဲ အကိုရေ
အခုမှ လှတပတ မြင်ရတော့တယ်။
အရင်က ထောင့်တောင့်တောင့် ဖြစ်နေတာဗျ။
ကျေးဇူးပါပဲ..မြန်မာစာတော့လှသွားတယ်..ဒါပေမယ့် မဒီ့စက်မှာလဲ အင်္ဂလိပ်စာလုံးတွေမှိန်ကုန်လို့ပြန်ဖြုတ်ထားရတယ်
ပို့ စ်အတွက် ကျေးဇူးတင်ပါတယ်။ တခုလောက်ရေးခင်လို့ ပါ၊ မြန်မာစာ လုံးတွေ ပတ်သက်လို့ ပါ ။ ကျနော် သို့ မဟုတ် ကျွန်တော်ဆိုတာဘဲ မြန်မာ သပ်ပုံမှာ အမှန်ရှိတယ် ကျတော် လို့  ရေးတာမြင်ရတော့ မြန်မာစာ ဘယ်လို ဖြစ်ကုန်ပါလိမ့် လို့  ထင်မိတယ်။ ဘလော့ကာ အများစု လည်း ကျတော် လို့ ရေးတာ တွေ့ ရတော့ စိတ်မကောင်းလှဘူး။
ဗျို့ကိုလှရေ ကျွန်တော့်ကွန်ပြူတာမှာ ဇော်ဂျီဖောင့်သုံးထားတယ် ဒါပေမယ့် ဗျည်းအက္ခရာတစ်ခုချင်း ရြ့ဆေးသားအထူအပါးမညီဘူးဗျို့ အဲ့တာဖောင့် create လုပ်ထဲကမညီတာလား ကျွန်တော်က ကိုယ့်မြန်မာစာလုံးတွေကို ကြည်ကြည်လင်လင် ညီညီညာညာ မြင်စေချင်လို့
အခုလို လမ်းညွှန်တာ ကျေးဇူး ကိုမောင်လှရေ။ ကိုယ့်မော်နီတာ မကောင်းလို့ မပြတ်သားတာလို့ ထင်နေတာ :)
မောင်လှရေ
ကျေးဇူးပါပဲဗျာ။
Padauk 2.4 font မှလွဲ၍ အခြား Unicode 5.1 font များမှာ clear type support မလုပ်ပါ။ zawgyi font အများစုမှာ cleartype supportလုပ်ပါသည်။
ကျွှန်တော် eot လုပ်ရတာအဆင်မပြေဘူးဖြစ်နေတယ် ကိုမောင်လှရေ
ကျေးဇူးပြုပြီးကူညီပါဦး
Post a Comment