Sunday, December 30, 2007
ဪ... ကျတော်လည်း ဒီကမ္ဘာမြေပေါ်မှာ ရပ်တည်နေထိုင်ပြီး ဒီကမ္ဘာမြေကြီးကို ကောင်းအောင် မလုပ်နိုင်ဘဲ ဒုက္ခပေးမိသလို ဖြစ်တာ ဘာလိုလိုနဲ့ မနက်ဖြန်ည ၁၁း၃၀ နာရီဆိုရင် အနှစ် ၃၀ ပြည့်မြောက်လေပြီ... ကျတော် ကမ္ဘာမြေကြီးကို ဒုက္ခပေးနေမိတာကို ကမ္ဘာမြေကြီးတောင် သိရဲ့လား မသိ...
ပထမဆုံး ကျတော့်ကို မွေးဖွားခဲ့တဲ့၊ ကျတော့်ကို ဒီလူ့လောကထဲကို အရောက်ခေါ်ခဲ့တဲ့ ကျတော် မိခင်ကို ကျေးဇူးတင်တယ်... ငယ်စဉ် ကလေးဘဝကနေစပြီး မိန်းမမယူခင်အချိန်အထိ ထမင်းဟင်း ချက်ကြွေး၊ အဝတ်အစားတွေ လျှော်ဖွတ်ပေး၊ မီးပူတိုက်ပေးတတ်တဲ့ မေမေ့ကို ကျတော် အရမ်းချစ်ပါတယ် မေမေ...
ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဖေဖေကိုလည်း ကျတော် အရမ်း ကျေးဇူးတင်တယ်... အရမ်းချစ်တယ်... ညီအကို သုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျတော့်ကို အလိုအလိုက်ဆုံးနဲ့ အများဆုံး ရိုက်ခဲ့၊ ဆူခဲ့ရတယ် မဟုတ်လားဖေဖေ... အဖေ့ကို ပိုပြီး ကျေးဇူးတင်တာက ကျတော် ဆယ်တန်းအောင်တော့ မေမြို့မှာ ရှိတဲ့ ကျောင်းတစ်ခု တက်ဖို့ လျှောက်လွှာ တင်မယ် ဆိုတော့ မင်းမတက်ပါနဲ့ကွာ မင်း ... ငါ့လို ဘာမှ ဘေးပေါက် မရှာတတ်ရင် ဆင်းဆင်းရဲရဲ နေရလိမ့်မယ်လို့ တားခဲ့တဲ့ အဖေ့ကို အခု အချိန်မှာ ကျေးဇူးအရမ်းတင်တယ်အဖေ... အဖေ့ ခြေရာ ဆက်မနင်းခဲမိတာ သားမှန်သွားတယ် ဖေဖေ... ဖေဖေလည်း ၁၉၈၇-ခုနှစ်မှာ တပ်ကထွက်ခဲ့တာ ဆေးပင်စင်နဲ့ အငြိမ်းစားယူခဲ့တာကိုလည်း အရင်တုန်းက ကျတော် မကျေမနပ်ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ ကျတော် ကျေနပ် ဂုဏ်ယူနေမိတယ်အဖေ... ဖေဖေရေ... ဒီနှစ်အထိ ဖေဖေ အသက်ရှင်ရက် ရှိဦးမယ်ဆိုရင် အဖေလုပ်ခဲ့ဖူးတဲ့ အဖွဲ့အစည်းကြီးရဲ့ လုပ်ဆောင်ချက်တွေကို အဖေလည်း အော့နှလုံးနာမိမှာပဲ အဖေ... ကျတော်တော့ အရမ်းကို အော့နှလုံးနာပြီး ရွံမိတယ်အဖေ... ဖေဖေရေ... မေမေရဲ့ အဖိုးလည်း အခု အသည်းအသန် ဖြစ်နေလေရဲ့... မေမေ မန္တလေးမှာ မရှိဘူး ဖေဖေ... အဖေ့ မြေးမလေးလည်း အခု စကားတွေ မပီကလာ ပီကလာပြောပြီး ချွဲတတ်နေပြီအဖေ...
ကိုကြီး... ကိုကြီးလည်း မနက်ဖြန်ဆိုရင် အသက် ၃၇-နှစ်ပြည့်ပြီနော်... ကိုကြီးနဲ့ ကျတော့်ကို သဘာဝအတိုင်း မွေးနေ့တူအောင် မွေးခဲ့ ပေးတဲ့ ဖေဖေနဲ့ မေမေကို ကျေးဇူး တင်တယ်... အကိုကြီးတော့ အဖအရာ ဆိုတဲ့ အတိုင်း ဖေဖေ နေမကောင်းပဲ အိပ်ယာထဲ လဲနေတဲ့ အချိန်များမှာ ကျတော့် အတွက် လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်တယ်...
ကိုထိုက်... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ မတည့် အတူနေခဲ့ကြတယ်... ကျတော် မိန်းမယူပြီး နောက်ပိုင်း ကျတော် ပျော်စရာရှိရင် လိုက်ပျော်ပေးတယ်... ကျတော် စိတ်ညစ်စရာရှိရင် လိုက်ညစ်ပေးတယ်... လိုအပ်တာရှိရင် ကူညီပေးခဲ့လို့ ကျေးဇူးပါပဲ... လူပျိုကြီးရေ... မေမေ့ကိုလည်း ဂရုစိုက်ပါဦး... မေမေ စိတ်ညစ်အောင်လည်း မလုပ်နဲ့ဦး...
မိန်းမရေ... ချစ်တယ်ကွာ...
သမီးလေးရေ... ချစ်တယ်ဗျာ...

12 comments:
Happy Birthdayပါ ကိုမောင်လှရေ .. မွေးနေ့ကနေစပြီး ၂၀၀၈ ခုနှစ် နဲ့ နောင် နှစ်ပေါင်းများစွာတိုင်အောင် နေ့စဉ်နေ့တိုင်း ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကိုတိုး
ဟက်ပီးပတ်ဒေး ကိုမောင်လှ
မွေးနေ့နဲ့အတူ နှစ်သစ်မှာ ချစ်ရသော မိသားစုနဲ့ ပျော်ရွှင်ပါစေ
Happy Birthday ပါ ဆရာတုံ ။ မွေးနေ့နှင့် အတူ နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေ....
Happy Birthday !!! Ko Mg Hla. I wish all the best to you and your family and hope your dreams come true from this new year.
လာမဲ့နှစ် ၂၀၀၈မှာ ကမ္ဘာမြေကြီးကို သုခပေးနိုင်တဲို့မောင်လှဖြစ်ပါစေ...ပြီးတော့ လွတ်လပ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ မွေးနေ့ တခုလုပ်ဆောင်နိုင်ပါစေ...ဒါနဲ့ စကားမစပ်...တိုက်တိုက်ဆိုင်ဆိုင်... ကျနော့်အဖေလဲ တပ်က ဆေးပင်စင်နဲ့ အငြိမ်းစားယူပြီး အခုတော့ဆုံးသွားပြီ...နောင်နှစ် အခွင့်အခါပေးရင် ကိုမောင်လှမွေးနေ့ ပွဲကို လူကိုယ်တိုင် တက်ရောက်ချင်ပါရဲ့...ဒါပေမယ့် အခုတော့ မလွတ်လပ်တဲ့နေရာကို ပြန်မလာချင်တာရယ်...သက်ဆိုးရှည်နေတဲ့သူတွေကို ထောက်ခံသလိုဖြစ်နေမှာ စိုးလို့ ဒီတနှစ်တော့ အမိမြေကို မနင်းသေးဘူး ကိုမောင်လှ...
Happy Birthday Ko Mg HLA.
Steven
Happy Birthday ....
May all your dream come true in this your new year.
မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျား
ကမောင်လှပို့စ်ထဲမှာကိုက ထိခိုက်နေပြီလေဗျာ ဟားဟား
happy birthday, Ko Maung Hla.
ကိုမောင်လှကြီး အသက် ၃၀ ပြည့်မွေးနေ့မှသည် နောင်နှစ် ၁၂၀ တိုင်အောင် ချစ်တဲ့ မိသားစုနဲ့အတူ ဖြတ်သန်း ပျော်ရွှင်ပါစေဗျာ။ (ဆုတောင်းကတော့ နောက်ကျနေတယ်ဗျာ။ ဆော်ရီးပါ)
ko mg hla,
I see ur mind and heart after reading ur blog.Thanks for ur blog
ကိုမောင်လှက နစ်တနစ်မှာ အသက်အငယ်ဆုံး မွေးနေ့ ရှင်ပါလား။ ကျနော်က နစ်တနစ်ရဲ့ အသက်အကြီးဆုံး မွေးနေ့ ရှင်ဘဲ။ Wealthy, healthy happy Birthday and Happy new year 2008 for you
Post a Comment