Template Style : Black | White
.

...အမေ အသက်ရာကျော် ရှည်ပါစေ...

Thursday, November 29, 2007

အရင်က ကြီးပွားရေး ပုံနှိပ်တိုက်နဲ့ အလုပ်အနည်းငယ် လုပ်ခဲ့ဖူးတယ်... ရိုက်ချက်ကောင်းတယ်... အရောင်တွေမှန်တယ်... နောက်ပိုင်း ပုံနှိပ်တိုက်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ တာဝန်မယူ ဖြစ်လို့ ဆက်မလုပ်ဖြစ်ဘူး... လူထုက ဖိတ်စာ ဒီဇိုင်းတွေ ကူဆွဲပေးဖို့ ပြောတုန်းက ကျတော် ဘာဖြစ်လို့ မလုပ်ခဲ့မိတာပါလိမ့်... အဲဒီအလုပ်ကို လက်မခံခဲ့မိတာ ကျတော် နောင်တရမိတယ်... အကြီးအကျယ်ကို နောင်တ ရမိတယ်... အမေမာရဲ့ မြေးတွေ ၂-ယောက် ကွန်ပျူတာ သင်တန်း လာတက်လို့ ဘာသာရပ် တစ်ခုကို တာဝန်ယူ သင်ပေးခဲ့ဖူးတယ်... အခုအချိန်အထိ လင်းလင်းရဲ့အဖေ ကျတော့်ကို တွေ့တိုင်း -- -- နဲ့ ခေါ်နေသေးတာကို ကျတော် အခေါ်မခံချင်ဘူး... လင်းလင်းရဲ့အဖေ နဲ့ ကျတော်ဟာ မိုးနဲ့ မြေပြင်လို့ ကွားခြားလှပါတယ်... ဆရာ နောက်တစ်ခါ ကျတော့်ကိုတွေ့ရင် -- -- လို့ မခေါ်ပါနဲ့ ခင်ဗျာ... ကျတော့် နာမည်အရင်းကို ခေါ်ရင် ရပါပြီ ဆရာ...
အခွင့်အရေး ထပ်ရဦးမယ်ဆိုရင် လူထုတိုက်မှာ အချိန်းပိုင်း အလုပ်လေး တစ်လောက်တော့ လုပ်ချင်သေးတယ်... လူထုတိုက်မှာ ပညာဆည်းပူးချင်သေးတယ်...

...လူထုတိုက် တစ်ခုတည်းရဲ့ အမေ မဟုတ်တဲ့
မြန်မာတွေ အားလုံးရဲ့ အမေ
လူထု ဒေါ်အမာ အသက်ရာကျော် ရှည်ပါစေ...

မေမြို့ကိုရောက်ခဲ့တယ်...

Tuesday, November 27, 2007

၂၃-ရက် နေ့ကနေ ၂၆-ရက်နေ့အထိ ရုံးက တန်ဆောင်တိုင် ရုံးပိတ်ရက်ပေးတာနဲ့ ကိုသခင်ကြီး မိသားစုရယ်၊ ကျတော်တို့ မိသားစုရယ်၊ BaganNAT ခေါ် သခင်စိုးကြီးရယ် စုစုပေါင်း ၇-ယောက်  မေမြို့ကို ကိုသခင်ကြီး ကားနဲ့ တက်ပြီး အနားယူခဲ့ကြတယ်... မေမြို့ လျှပ်စစ်မီးဟာလည်း မန္တလေး လျှပ်စစ်မီးနဲ့ နင်လားပါပဲ... ၆-နာရီလာ ၁၂-နာရီပျက် ပုံစံနဲ့ မီးပေးနေပါတယ်... အလုပ်လုပ်ချင်တဲ့ ကိုသခင်ကြီး တစ်ယောက်မှာ လျှပ်စစ်မီးကြောင့် ဒုက္ခတော်တော် ရောက်ရပါတယ်... တန်ဆောင်မုန်းလပြည့်နေမှာတော့ အိမ်မှာပဲနေပြီး hot pot လုပ်စားကြတယ်...  ထမင်းမချက်လို့ မေမြို့မြို့ထဲ သွားပြီး ထမင်းကြော်နဲ့ ခေါက်ဆွဲကြော် သွားဝယ်တာ မေမြို့ကို အလည်လာကြတဲ့ များပြားလှတဲ့ လူတွေကြောင့် အချိန် တော်တော်လေး စောင့်ခဲ့ရတယ်... မန္တလေး-လားရှိုးလမ်းမပေါ်မှာလည်း ကားတွေကို တန်းစီပြီး ပိတ်နေပါတယ်... နောက်နေ့မနက်မှာ အမျိုးသားကန်တော်ကြီးကို ရောက်ခဲ့တယ်... ကန်တော်ကြီးမှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေပေါ့... လက်ရာကတော့ ကျတော့်ဆရာ ကိုသခင်ကြီးကိုတော့ ဘယ်မှီပါ့မလဲဗျာ...








ဒါနဲ့ စကားမစပ်....

Wednesday, November 07, 2007

ဒါနဲ့ စကားမစပ်....
လှိုင်သာယာထဲမှာ ရှိတဲ့
သစ်အချောကိုင် စက်ရုံတစ်ခုမှ ဝန်ထမ်းများကို ၃-လစာပေးပြီး မိမိတို့ရဲ့ နေရပ်များကို ပြန်ဖို့အတွက် ကားဂိတ်၊ ရထားဂိတ်၊ သင်္ဘောဆိပ်ကမ်းများ အထိ စက်ရုံကားများနဲ့ လိုက်ပို့ကြောင်း သိရပါတယ်... အလျော့ခံရတဲ့ ဝန်ထမ်းဦးရေမှာ အနည်းဆုံး အယောက် ၅၀-ကျော် ရှိကြောင်း ကြားသိရကြောင်းပါ...

ဒါနဲ့ စကားမစပ်....
မန္တလေးရဲ့ ဟိုးမြို့အစွန်မှာရှိတဲ့ သင်ပန်းကုန်းဆိုတဲ့ ဆင်းရဲသားတွေ အနေများတဲ့ ရပ်ကွက်လေး ရှိတယ်ဗျာ... အဲဒီဘက်မှာ အိမ်ဝယ်မိသူတစ်ယောက်ကတော့ ဒီလိုလေး ကြုံခဲ့ရတယ်... စာချုပ်ကို ရှေ့နေနဲ့ ဘာနဲ့ တရားရုံးမှာ သေချာချုပ်ပြီးသား... အရင်အိမ်ရှင်တွေ အိမ်ကနေ ထွက်ပေးတဲ့နေ့မှာ
ကျန်တဲ့ငွေ အကြေပေးချေခြင်းကို ရယက လူကြီးတွေ အိမ်ရှင် အသစ်မှန်း သိရအောင် ရယကရုံးမှာ ပေးချေသတဲ့... အသိသက်သေမျိုး နေပေးရတဲ့ ရယက ရုံးက အလှူငွေ ၃-သောင်းကျပ်တောင်း သတဲ့ကွယ်... ရှေ့နေနဲ့ တရားရုံး၊ မြေစာရင်းရုံးမှာ စာချုပ်စာတမ်းကြေး၊ ဘာညာကြေးတွေ ပါတာတောင် ၂-သောင်းကျပ်ပဲ ပေးရသတဲ့ကွယ်... အဟွတ် ... အဟွတ်...  လေတွေကလည်း မသန့်လိုက်တာ...

ယခု post ကို blogger.com ကို ဘန်းထားသဖြင့် ခေတ်မီဓာတ်ချောပို့စနစ်ဖြင့် ပေးပို့သည်...

Microsoft Word 2003 မှာ Zawgyi-One ရိုက်ရတာ အဆင်ပြေအောင်...

Tuesday, November 06, 2007

Microsoft Word 2003 မှာ Zawgyi-One သုံးပြီး စာရိုက်ရင် word ရဲ့ shortcut တွေကြောင့် အချို့စာလုံးတွေ ရိုက်လို့ မရပါဘူး... စာလုံးများ ရိုက်လို့ရအောင် ညိနေတဲ့ shortcut များကို ပြင်ပေးစရာလိုပါတယ်... Word 2003 မှာ Zawgyi-One font သုံးရတာ အဆင်ပြေအောင် ကျတော် ပြင်ထားတဲ့ normal.dot ဖိုင်လေးကို ဒီနေရာကနေ ရယူနိုင်ပါတယ်...
၁. အဲဒီဖိုင်ကို download အရင်လုပ်ပါ... download လုပ်ပြီးပြီ ဆိုရင် အဲဒီ ဖိုင်ကို copy လုပ်ပါ... Microsoft Office Suite ထဲမှာပါတဲ့ Program အကုန်ကို ပိတ်ထားပါ...
၂. C:\Documents and Settings\***user အမည်***\Application Data\Microsoft\Templates ထဲကိုသွားပါ...
***user အမည်*** နေရာမှာ မိမိ လက်ရှိသုံးနေတဲ့ user name ဖြစ်ရပါမယ်...
၃. အဲဒီ folder ထဲမှာရှိနေတဲ့ normal.dot ဖိုင်ကို select ပေး၊ F2 လေး နှိပ်ပြီး normal_org.dot ဆိုပြီး ဖိုင်နာမည် ပြောင်းလိုက်ပါ...
၎. paste လုပ်ပါ... download လုပ်ထားတဲ့ normal.dot ဆိုတဲ့ ဖိုင်ရောက်လာပါလိမ့်မယ်... အဲဒီ folder ထဲမှာ normal.dot နဲ့ normal_org.dot ဆိုပြီး ဖိုင် ၂-ဖိုင် အနည်းဆုံးရှိရပါမယ်...
၅. ဒါဆိုရင် Microsoft Word ကို သုံးလို့ရပါပြီ... Microsoft Word ကို ဖွင့်လိုက်ရင် "Normal ဇော်ဂျီ..." ဆိုပြီး မြင်ရပြီဆိုရင် Zawgyi-One ကို အဆင်ပြေစွာ သုံးလို့ရပါပြီ...