Template Style : Black | White
.

Mandalay FM radio

Wednesday, March 26, 2008

မန္တလေးမှာ လာတော့မယ် လာတော့မယ် ဆိုပြီး ကြာနေတဲ့ Mandalay FM ကြီးဟာဆိုရင်ဖြင့် အမှန်တကယ်ကိုပဲ ဧပြီလ ၃-ရက်နေ့ကနေ စပြီး စမ်းသပ် ထုတ်လွှင့်တော့မယ်လို့ ဆိုလာပါတယ်... အမှန်တကယ်လွှင့်မှာကတော့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ပါ... 91.9 MHz (FM) ကနေ ဖမ်းယူရရှိနိုင်မှာဖြစ်ပြီး မန္တလေးမြို့နဲ့ မိုင် ၅၀ ပတ်လည်နေရများကနေ နားသောတ ဆင်နိုင်မှာဖြစ်ကြောင်းနဲ့ အထက်မြန်မာပြည် တပြည်လုံးကို ဖြန့်ကြက်ဖို့ အစီအစဉ်ရှိကြောင်း ကြားသိရကြောင်းပါ... Mandalay FM logo ကတော့ ကျတော် ပြိုင်ပွဲ ဝင်မယ်ဆိုပြီး ဆွဲထားတာပါ... နေမကောင်းဖြစ်တာနဲ့ ဝင်မပြိုင်ဖြစ်ပါဘူး... တကယ့် Mandalay FM logo ဘယ်လို ပုံစံလဲဆိုတာကိုတော့ နှစ်ဆန်း တစ်ရက်နေ့မှ မြင်ရလိမ့်မယ် ထင်ပါတယ်...

My labels: Myanmar Burma News, Mandalay News, FM

3 comments:

May said...

nice logo,

CMS said...

logo လေးမိုက်တယ် ကိုတုံ
အမြန်ဆုံး နေပြန်ကောင်းပါစေဗျာ :)

Yi Yi Win said...

MP3 player ရှိရင်ဖမ်းလို့ ရတော့မယ်ပေါ့နော်။
Logo ပြိုင်ပွဲကပြီးတာကြာလောက်ပြီမှတ်တယ်ကိုမောင်လှရေ။
နေကောင်းလို့ သာဘလော့ရေးနိုင်တာဟုတ်။