Template Style : Black | White
.

Myanmar Cyclone 2008

Thursday, May 08, 2008





ရန်ကုန်ကို ဧပြီ ၂၈ ရက်နေ့ကတည်းက ရောက်နေတာပါ... အဲဒါနဲ့ နာဂစ်ဆိုတာကြီးနဲ့တွေ့ရော ဆိုပါတော့... ဘီဘုတ်ပျံတွေ၊ သွပ်ပြားပျံတွေ တွေ့လိုက်ရတယ် ခင်ဗျ... မိုးတိတ်သွားတဲ့အချိန်မှာ ရုံးအခြေအနေ သိချင်တာနဲ့ လမ်းလျှောက်ပြီး ရုံးကို ရောက်အောင်သွားဖြစ်တယ်... န၀ဒေး မှတ်တိုင်မရောက်ခင်မှာ အသိအကို တစ်ယောက် နဲ့ တွေ့လို့ ကားနဲ့ လိုက်ပို့ပေးလို့ ရုံးကို ရောက်ခဲ့တယ်... သစ်ပင်တွေလဲ နေလို့ ကားလမ်းမဟာ တောကြီးထဲက လမ်းကြီးလိုပါပဲ... ပြိုကျနေတဲ့ တဲတွေ၊ အိမ်တွေ၊ သွပ်ပြားတွေ လှန်နေတဲ့ စက်ရုံတွေ ထမင်းမစားရသေးတဲ့လူတွေ တွေ့ခဲ့ရတယ်... ၀မ်းနည်းစရာ အရမ်းကောင်းတယ်ဗျာ... ဒေါသတွေထွက်ပြီး စိတ်တွေလည်း တိုမိတယ်....

စာရိုက်ရတာ အဆင်မပြေလို့ နောက်နေ့များမှ ဆက်ရေးပါ့မယ်...
my labels: Nagis, Nargis, Myanmar Cyclone, Burma Cyclone, Myanmar News

2 comments:

CMS said...

ကိုတုံးကြီးပျောက်နေတယ်မှတ်တာ ရန်ကုန်မှာ သောင်တင်နေတာကိုး

* In Search of Truth * said...

ကိုဖိုးချမ်းစီမှ Donation Alert Image တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ http://cmsmdy.blogspot.com/2008/05/donation-alert-image.html