Thursday, February 28, 2008
ဒီနေ့ မနက် ၁၀း၁၅ နာရီဝန်းကျင် CAE အဆောင် နားမှာ မီးလောင်ပါတယ်... ယင်းဘော်ဒါ ဆောင်နားမှာရှိတဲ့ အားလူးကြော်ဖိုက နေစလောင်ပြီး CAE အဆောင်ဘက်ကိုပါ ကူးစက်ကြောင်း ကြားသိရပါတယ်... အချို့လူတွေကတော့ CAE စားဖိုဆောင်မှ စတင် လောင်ကျွမ်းခြင်း ဖြစ်တယ်လို့ ပြောကြပါတယ်... ဘယ်သတင်း က အမှန်လဲ တော့ မသိပါဘူး... ကျတော်ကိုယ်တိုင်လည်း အိမ်နဲ့ နီးတဲ့အတွက် အိမ်ကို ပြန်ပြေးပြီး ပစ္စည်းမှား ပြန်သိမ်းရပါတယ်... လာကြည့်သူ ဆိုင်ကယ်များ အရမ်းများတဲ့ အတွက် မီးလောင်ပြင်ဘက်ကို တော့ သွားရောက် ကြည့်ရှုနိုင်ခြင်း မရှိပါဘူး... အဆောင်နေ ကလေးများကတော့ ၃၂-လမ်းပေါ် စာအုပ်များ ပိုက်ပြီး အရှေ့မှ အနောက်ဘက်ကို ပြေးနေကြတာ တွေ့ရပါတယ်... ဖြစ်ဖြစ်ချင်း ဖြတ်သွားတဲ့ ကလေးတွေဆို မျက်နှာမှာ ထိခိုက်ဒဏ်ရာ ရသည့် ကလေးများ ပါဝင်ကြောင်း သိရပါတယ်... ပြေးလာတဲ့ ကျောင်းသားများရဲ့ အဆိုရ အချို့ကျောင်းသားများရဲ့ စာအုပ်များနဲ့ ပစ္စည်းများ မီးလောင်ရာမှာ ပါသွားတယ်လို့ဆိုပါတယ်... ၁၀း၄၅ မီနစ်ခန့်မှာ မီးငြိမ်းသွားပါပြီ... CAE ဘော်ဒါဆိုတာ မန္တလေးရဲ့ နာမည်ကြီး ဘော်ဒါဆောင်ဖြစ်ပြီး ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၆၄-လမ်းမပေါ်မှာ တည်ရှိပါတယ်...
ဒီဓာတ်ပုံကို Sony Ericsson K510i အစုတ်လေးနဲ့ ရိုက်ထားတာပါ...
My labels: Mandalay News, Fire at Mandalay, မန်းလေး, မန္တလေး, CAE ဘော်ဒါဆောင် မီးလောင်ခြင်း








































