Sunday, March 30, 2008
မန္တလေးမှာ လာတော့မယ် လာတော့မယ် ဆိုပြီး ကြာနေတဲ့ Mandalay FM ကြီးဟာဆိုရင်ဖြင့် အမှန်တကယ်ကိုပဲ ဧပြီလ ၃-ရက်နေ့ကနေ စပြီး စမ်းသပ် ထုတ်လွှင့်တော့မယ်လို့ ဆိုလာပါတယ်... အမှန်တကယ်လွှင့်မှာကတော့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ပါ... 91.9 MHz (FM) ကနေ ဖမ်းယူရရှိနိုင်မှာဖြစ်ပြီး မန္တလေးမြို့နဲ့ မိုင် ၅၀ ပတ်လည်နေရများကနေ နားသောတ ဆင်နိုင်မှာဖြစ်ကြောင်းနဲ့ အထက်မြန်မာပြည် တပြည်လုံးကို ဖြန့်ကြက်ဖို့ အစီအစဉ်ရှိကြောင်း ကြားသိရကြောင်းပါ... Mandalay FM logo ကတော့ ကျတော် ပြိုင်ပွဲ ဝင်မယ်ဆိုပြီး ဆွဲထားတာပါ... နေမကောင်းဖြစ်တာနဲ့ ဝင်မပြိုင်ဖြစ်ပါဘူး... တကယ့် Mandalay FM logo ဘယ်လို ပုံစံလဲဆိုတာကိုတော့ နှစ်ဆန်း တစ်ရက်နေ့မှ မြင်ရလိမ့်မယ် ထင်ပါတယ်...
My labels: Myanmar Burma News, Mandalay News, FM
Posted by
မောင်လှ
at
9:56 AM
3
comments
Links to this post
Posted by
မောင်လှ
at
9:04 AM
8
comments
Links to this post
ကျတော်ရဲ့ crazy ဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ ပထမဆုံး One Man Show ဖျော်ဖြေပွဲကို မတ်လ ၃၀-ရက်နေမှာ ရန်ကုန်မှာ ကျင်းပမယ်တဲ့ဗျာ... မန္တလေးမှာပါ လုပ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ... ဝင်ကြေးက ၄၀၀၀-ကျပ်ကနေ ၄၅၀၀-ကျပ် အတွင်းဖြစ်လိမ့်မယ်တဲ့...ပရိတ်သတ်များ မမျှော်လင့်ထားတဲ့ ဖျော်ဖြေမယ့် ပုံစံမျိုး တင်ဆက်ဖို့ကြိုးစားထားပြီး ပရိတ်သတ် အံ့သြသွားအောင် မျိုးကျော့်မြိုင်နဲ့ အတူ ကူညီသီဆိုဖျော်ဖြေ ပေးမယ့် သူများကို ကြိုတင် ကြေညာထားမှာ မဟုတ်ကြောင်းကို အသစ်ထွက်ရှိလာတဲ့ Bi Weekly Eleven Journal ပါ သတင်းအရ သိရပါတယ်...
ကိုမျိုးကျော့်မြိုင်ရဲ့ One Man Show အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေနိုင်ပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...
My labels: Myo Kyawt Myaing One Man Show
Posted by
မောင်လှ
at
11:47 AM
0
comments
Links to this post
ဒါနဲ့ စကားမစပ်...
၁၄-ရက်နေ့က ဟောပြောပွဲကို ရောက်သွားတယ်... ရတနာပုံဈေး မီးမလောင်ခင်ကတည်းက YCC (MICT)မှာ လုပ်မယ်လို့ ကြေငြာထားတဲ့ပွဲပေါ့... ရတနာပုံဈေးကြီးမီးလောင်တော့ MICT လည်းပါသွားရော လုပ်စရာနေရာ ပျောက်သွားလို့ လမ်း-၈၀ ပေါ်က ခန်းမ တစ်ခုမှာလည်း လုပ်မယ်ဆိုပြီး သွားငှားတော့ ခန်းမတော့ ငှားပါရဲ့ သတင်းစာတွေ ဘာတွေမှာ ကြော်ငြာခွင့် မပေးဘူးတဲ့ဗျာ... အဲဒါနဲ့ နောက်ဆုံး မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ခန်းမကိုရောက်သွားရော... နေရာကို လူသိနည်းသွားလို့ ထင်ပါရဲ့ဗျာ လာတက်တဲ့သူ နည်းတယ်... လူလာနည်းပေမယ့် ကျတော့်အတွက်တော့ ပညာတွေ ရလိုက်တဲ့ ပွဲတစ်ပွဲပါ... ဟောပြောပွဲမှာ ဝမ်းနည်းစွာ သိလိုက်ရတဲ့ အချက်တစ်ချက်က မန္တလေးတိုင်း ကွန်ပျူတာပညာရှင်အသင်း EC အဖွဲ့ဝင် တဝက်လောက် စလုံးကို ထွက်သွားကြပြီတဲ့...
ဒါနဲ့ စကားမစပ်...
ပြီးခဲ့တဲ့ တပတ်က ရပ်ကွက်ရုံးနဲ့ ရဲ့စခန်းမှာ ထောက်ခံစာသွားယူတာ ထူးဆန်းတယ်ဗျ... လက်ဖက်ရည်ဖိုး မတောင်းဘူး... အသံတောင် မဟဘူး... လုပ်အားပေး ပုံစံ လုပ်နေရတဲ့ ရယကရုံးမှာတောင် လက်ဖက်ရည်ဖိုး မတောင်းဘဲ ဘာဖြစ်လို့ လခရတဲ့ ရုံးတွေက လက်ဖက်ရည်ဖိုးတောင်းနေရတာလဲ မသိဘူး... လခတွေ တိုးပေးထားရဲ့သားနဲ့... ဪ... ကလေးတွေလည်း ကျောင်းက ကိုယ့်ဆရာမဆီမှာ ဘာဖြစ်လို့ ကျူရှင် ပြန်တက်နေရတာ လည်း မသိဘူး...
ဒါနဲ့ စကားမစပ်...
မန္တလေးက လူသွားလူလာ များတဲ့ မီးပွိုင့်တွေမှာ လမ်းဖြတ်ကြော်ငြာတွေ များမှ များဗျာ... ကြော်ငြာတွေ စိတ်ဝင်စားတဲ့ ကျတော်တော့ ဘယ်တော့ ကားတိုက်၊ ဆိုင်ကယ် တိုက်ခံရမလဲ မသိဘူး... အဲဒီ ကြော်ငြာတွေ မော့မော့ ဖတ်မိနေလို့လေ... တချို့ လမ်းဖြတ်ကြော်ငြာတွေဆိုရင် မီးပွိုင့် နဲ့ ပေ ၅၀ အကွာလောက်က ကြည့်ရင် မီးပွိုင့်ကိုတောင် မမြင်ရအောင် ဖုံးကွယ်နေတယ်...
My labels: Myanmar News, Mandalay News, သတင်း, အတင်း
Posted by
မောင်လှ
at
10:55 AM
5
comments
Links to this post
Alpha Computer က ကျင်းပပြုလုပ်တဲ့ Programming နဲ့ပတ်သတ်တဲ့ seminar ကို 14-Mar-2008 ရက် နေ့လယ် ၁-နာရီမှ စပြီး ၃၁-လမ်းနဲ့ လမ်း-၇၀ ထောင့်မှာ တည်ရှိတဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဦးဇော်မိုး (MIT)၊ ဦးထွန်းခိုင် (iNTEGRA)၊ ဦးဝင်းထိန်ဝင်း (Gustro)၊ ၀ဏ္ဏကို (မြန်မာပြက္ခဒိန်)နှင့် Alpha Computer မှ ပညာရှင်များ ဟောပြောကြမှာ ဖြစ်ပါတယ်။
Alpha Computer မှလည်း Programming နဲ့ ပတ်သက်တဲ့ အလုပ်တွေဖြစ်တဲ့ Project Manager, Programmer, Data Analysis & Design, Software Tester ဝန်ထမ်းများကို လျှောက်လွှာ ခေါ်ယူလျှက်ရှိပါတယ်။ အသေးစိတ် သိလိုပါကhttp://www.alpha.com.mm/programmer/မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
My labels: Myanmar News, Mandalay News, Tech News, IT (ICT) News
Posted by
မောင်လှ
at
4:18 PM
4
comments
Links to this post
ကျတော့်ရဲ့cbox မှာ 2-Mar-08 ရက်ကတည်းက စပြီး ကျတော့် နာမည် MgHla ကိုသုံးပြီး ညစ်ညမ်းစကားလုံးတွေနဲ့ ဆဲဆို ရေးသားထားတဲ့ ပို့စ်တွေ တက်လာပါတယ်... ယိုသူမရှက် မြင်သူရှက် ဆိုတဲ့ စကားအတိုင်း ကျတော် ရေးသားထားတာ မဟုတ်ပေမယ့်လည်း မြင်ရတဲ့ ကျတော် ရှက်မိကြောင်းပါ... အခြားသူများ၏ cbox များတွင် MgHla ဆိုသည့် နာမည်သုံးပြီး ဆဲဆိုထားခြင်း၊ ညစ်ညမ်းစကားလုံးများ သုံးထားပါက ကျတော် မောင်လှ MgHla မဟုတ်ကြောင်း အသိပေးပါရစေ... လာရေးသွားတဲ့ ညစ်ညမ်း စကားလုံးတွေကို ကျတော့် blog မှာ မှတ်တမ်း တင်ထားပါရစေ...
အောက်က စာကြောင်းများ 2-Mar-08 ရက်နေ့က ကျတော့် cbox မှာ လာရေးသွားတာပါ... "မင်းမေငါလိုး" သုံးပြီး ရေးသားသူရဲ့ IP address က 64.62.138.23 ပါ... Bypass proxy server တစ်ခုခုရဲ့ IP address ဖြစ်ပုံရပါတယ်...
Posted by
မောင်လှ
at
10:06 AM
10
comments
Links to this post
လောကအလှ မြန်မာ online မဂ္ဂဇင်း တစ်စောင် မနေ့ကစပြီး ထွက်နေတယ်လို့ သိရတယ်... လောကအလှမှာ မြန်မာ blogger လောကထဲကို ဝင်ရောက်စ blogger ပေါက်စ သုံးယောက်ကိုလည်း အင်တာဗျူးထားတာ တွေ့ရတယ်... လောကအလှမှာ အယ်ဒီတာစကား၊ အတွေးအမြင်၊ အနုပညာသတင်း၊ အက်ဆေး၊ ဟာသ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ အင်တာဗျူး၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကွန်ပျူတာကဏ္ဍ၊ ဓါတ်ပုံကဏ္ဍ၊ အမျိုးသားရေးရား၊ အမျိုးသမီးရေးရာ ဆိုပြီး ကဏ္ဍလေးတွေ ပါဝင်တာ တွေ့ရတယ်... လောကအလှကို သွားရောက် ဖတ်ရှုကြည့်ပါဦး လို့ တိုက်တွန်းပါရစေဗျာ...
My labels: Myanmar News, Burmese (Myanmar) Online Magazine, လောကအလှ အွန်လိုင်း မဂ္ဂဇင်း
Posted by
မောင်လှ
at
9:31 AM
2
comments
Links to this post
မနေ့က ... ညဦးပိုင်း သိပ်မချမ်းတော့လို့ စောင်အပါးခြုံအိပ်နေတာ မနက်ကျ ချမ်းလာလို့ ဂွမ်းစောင်မထူမပါး ခေါက်လျှက်ကို တင်ပြီး အိပ်မိပါတယ်... မိန်းမက တစ်ရေးနိုးတော့ စောင်ပိနေတယ်မှတ်လို့တဲ့ ရုတ်တရက် လှမ်းဆွဲချလိုက်တော့ လန့်နိုးတာ ပြန်အိပ် လို့ကို မရတော့ဘူး... သူ့ညီမ တစ်ဝမ်းကွဲ မင်္ဂလာဆောင်ရှိတာနဲ့ အိပ်ယာ ထလိုက်ရတယ်... အိပ်ယာ ထထချင်း ရေချိုးခန်းနဲ့ အိမ်သာ မအားသေးတာနဲ့ တီဗွီဖွင့်ကြည့်ဖြစ်တယ်... အိမ်သာအားတော့ အီးပါ မျက်နှာသစ် ရေချိုး အ၀တ်အစားလဲပြီး မင်္ဂလာဆောင်ကို ချီတက်ကြတယ်...
၁၀ နာရီလောက်မှာ သမီးကို အိမ်ထောင်စု ဇယားထဲ ထည့်ဖို့ လ၀ကရုံးကို သွားကြတယ်... ၁၀-နာရီခွဲလောက်ရောက်တယ်... ဦးစီးမှူး မရောက်လာသေးလို့ စောင့်ရတယ်... ဦးစီးမှူးရောက်ပြန်တော့လည်း အိမ်ထောင်စု ဇယားမှာ သမီး နာမည် တစ်ကြောင်းတိုးဖို့ တော်တော်ကြာကြာလေး ရေးရတယ်... ရေးပြီးတော့လည်း ဦးစီးမှူး လက်မှတ် ပြန်ထိုးရပြန်တယ်... လက်မှတ်ထိုးရတာလည်း တော်တော် ကြာတယ်... လက်ဖက်ရည်ဖိုးလေး ပေးပါဦးလို့ တိုးတိုးလေး တောင်းတယ်... တိုးတိုးပြောရင် ကျတော် နားမကောင်းတာလား မသိ... လက်ဖက်ရည်ဖိုးပဲ ကြားတာ... ဘယ်လောက်တောင်းမှန်း မသိဘူး... ခြင်္သေ့ကြီး ၄ ကောင် ထုတ်ပေးလိုက်တယ်... လက်ငါးခြောင်း ထောင်တော့ထောင်တယ်... ဆိုင် - မဆိုင်တော့ မသိဘူး... ၄ကောင်နဲ့ပြီးသွားတယ်... အကောင် ၅၀ မဟုတ်လို့ တော်သေးတယ်... ညနေ ၂း၃၀ နာရီမှ အဲဒီရုံးကနေ ပြန်လာဖြစ်တယ်... လ၀က ရုံးက ၀န်းထမ်းတွေရဲ့ လက်စွဲ စကားက "ခဏ ထိုင်ပါဦး" တဲ့... ထိုင်စရာနေရာလည်း လုံလုံလောက်လောက်မရှိဘဲ ထိုင်ခိုင်းတယ်...
ရုံးမှာ "တံစိုးလက်ဆောင်ပေးရန်မလို" တော့ရေးထားတယ်... "တံစိုးလက်ဆောင်ပေးရန် - မလို" ဒီလို အဓိပ္ပာယ်လား... "တံစိုးလက်ဆောင်ပေး - ရန်မလို" ဒီလို အဓိပ္ပာယ်လားတော့ မသိဘူး...
အဲဒါ မနေ့က...
မနေ့က ကျတော့်ဖုန်းကို ပထမဦးဆုံး နိုင်ငံခြား အခေါ် လက်ခံရရှိတယ်... ထိုင်း နိုင်ငံက ဆက်တာပါ... ဆိုင်ကယ်စီးနေတုန်း ကိုင်မယ်လုပ်တော့ voice mail ထဲဝင်သွားတယ်... "ဟဲလို ကိုလှ ကြားလား ကြားလား" ဆိုတဲ့ စကားသံပဲ ကြားရတယ်... ဘယ်သူလဲမသိ... ကျတော့်ဖုန်း နံပါတ်ကို ဘယ်လို သိတာလဲ မသိ... ဘာများ ပြောချင်၊ မေးချင်တာလည်း မသိ... ဒီနေ့ ထိုင်းရောက်နေတဲ့ သူငယ်ချင်းကို လှမ်းဆက် ခိုင်းတော့ ဖုန်း မကိုင်ဘူးတဲ့...
My labels: Mandalay News, Dear Yesterday, မန်းလေး, မန္တလေး, မနေ့က
Posted by
မောင်လှ
at
5:36 PM
3
comments
Links to this post